လယ်ဝေးမြို့နယ်တွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သာပေါင်းမြို့နယ်၊ အခြေခံပညာ အလယ်တန်းကျောင်း (ကွမ်းခြံကုန်း)တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအား မြို့နယ်ကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ကွမ်းခြံကုန်း) တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေများအား ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားအုန်းဆီများတွင် စပ်ဆီများ ရောနှောရောင်းချခြင်း မရှိစေရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့မစျေးသို့သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေနံနက် (၉)နာရီက ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ငဖဲမြို့နယ် အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကျောင်းပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဖြစ်စေရန် ရည်ရွယ်၍ မကွေးမြို့ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးများအကြောင်း သိကောင်းစရာမျာကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲစိုက်ခင်းများ ပိုးမွှားကျရောက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီးထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲစိုက်ခင်းများ ပိုးမွှားကျရောက်မှုရှိမရှိ ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူး‌မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်မကြီး ဒေါ်တင်‌တင်‌အေးတို့က ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ဘင်ခရာအဖွဲ့မှ သရုပ်ပြတီးခတ်မှုများကို ကြည့်ရှုအားပေးကြသည်။

ကျေးသီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနဝန်းအတွင်းရှိ မြို့တော်ခန်းမ၌ ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့ ပင့်သာကျေးရွာ၌ (၂၂)ဘီးဟွန်ဒါဆီတွဲကား မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဆားမှော်နယ်မြေမီးသတ်စခန်းနှင့် (၈)မိုင်ခန့်အကွာရှိ ပင့်သာကျေးရွာအုပ်စု ပင့်သာကျေးရွာ၌ ဇန်နဝါရီ(၁၆)ရက် ညနေ(၃)နာရီခွဲခန့် တွင် (၂၂)ဘီးဟွန်ဒါဆီတွဲကား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ လင်းခေး ဇန်နဝါရီ ၁၈ စိုင်းဇော်လတ်(လင်းခေး)
Subscribe to