ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပ

ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ချင်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရေး စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရေး စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦး အောင်ချိန်မင်းလှမြို့၌ မူလမြစ်ရေတင်ရေစက်ရုံအမှတ်(၁)‌‌‌‌‌‌‌‌‌‌ ရေစစ်ကန်တည်ဆောက်‌နေမှုများ၊ "ထ"ကန် သာယာလှပရေးနှင့် နန္ဒဝန်ပန်းခြံသစ် Landscaping‌ ဆောင်ရွက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး စည်ပင်သာ‌ယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထင်အောင်တို့သည် မင်းလှမြို့၌ မူလမြစ်ရေတင်ရေစက်ရုံအမှတ်(၁) ရေစစ်ကန်တည်ဆောက်နေမှုများ၊ "ထ"ကန်သာယာလှပရေးနှင့် နန္ဒဝန်ပန်းခြံသစ် Landscaping‌ ဆောင်ရွက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် (၈)နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့သည်။

၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် စခန်းဝင်လေ့ကျင့်နေမှုများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် ရှမ်းပြည်နယ်အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရေး၊ ၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိရေးအတွက် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများအား ယမန်နေ့ညနေပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

မင်းလှမြို့နယ်တွင် ဆေးဝါးအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကန်ပြည့်ကျေးရွာ၌ တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောက်မြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စု (၁၀၀) စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စု (၁၀၀) စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီထောက်ပံ့ခြင်းကို အမှတ် (၃) ရပ်ကွက် ချောက်ရွာမရပ် အ.ထ.က (၃) ကျောင်းဝန်းအတွင်း၌ ယမန်နေ့ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

​​​​​​​မော်လမြိုင်ကျွန်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော် လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မော်လမြိုင်ကျွန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေစီးနှင့်အတူ မျောပါပျက်စီးခဲ့သည့် နေအိမ်များမှ ‌ပြည်သူများနှင့်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေစီးနှင့်အတူ မျောပါပျက်စီးခဲ့သည့်နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့်‌ နေအိမ်များမှ ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံပေးအပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်ရေးအတွက် ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းရင်းသားပြည်သူများ လူနေမှုဘဝမြင့်မားစေရေးနှင့် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်‌ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကဘင်းချောင်းကျေးရွာနှင့် မော်တုန်းကြီးကျေးရွာသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
Subscribe to