ကဝမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရစ်ကန်ကြီး)၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ရစ်ကန်ကြီး)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

စေတုတ္တရာမြို့နယ်၌ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ စေတုတ္တရာ ဇန်နဝါရီ ၁၉ ဝင်းအိမွန်(ပြန်/ဆက်)

မုဒုံမြို့၌ မျက်စိအမြင်အာရုံအားနည်းသော ကျောင်းသား/သူများအား မျက်မှန်များပံ့ပိုးပေးအပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မျက်စိအမြင်အာရုံအားနည်းသော ကျောင်းသား/သူများအား မျက်မှန်များပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သင်္ဘောဦးကျောင်းခန်းမ၌ ကျင်းပသည်။

အခြေခံပညာမူလတန်းကျောင်း (နောင်အယ်)တွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း(နောင်အယ်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)​ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့၊ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော်အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများမှ "ပညာ့ဗိမ္မာန် " သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး လွိုင်လင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရွှေလွင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။

မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ မိုင်းဆတ် ဇန်နဝါရီ ၁၈ မြင့်မောင်(မိုင်းဆတ်)

ချောင်းဆုံမြို့နယ်တွင် အခြေခံမွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့်   ပြည်သူများအနေဖြင့် မွေးမြူနိုင်ရေးလုပ်ငန်းများကို စနစ်တကျပြုလုပ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေးပညာပေးသင်တန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ (၂)ရက်ကြာ  ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်အသိပညာပေးခဲ့ကြောင်း သိရသည်။
Subscribe to