ဒိုက်ဦးမြို့နယ် စစ်ဘိုကြီးကျေးရွာ၌ အထူးကုဆရာ၀န်ကြီးများနှင့် ဆေးအဖွဲ့များ ကွင်းဆင်းကုသပေး

ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စောကလျာ ဦးဆောင်သော ဒိုက်ဦးမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မိုးမိုးအေးနှင့် အထူးကုဆရာ၀န်များ တိုက်နယ်ဆရာ၀န်များ/ လက်ထောက်ဆရာ၀န်/ သွားဆရာ၀န်/ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့နံနက် (၉) နာရီ အချိန်က ဒိုက်ဦးမြို့နယ် စစ်ဘိုကြီးကျေးရွာတွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

စလင်းမြို့နယ်ရှိ မြို့မစည်ပင်သာယာအဖွဲ့ပိုင် စျေးများအား မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်  စလင်းမြို့မစျေးကြီးနှင့် ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေးကြီးတို့အား  မီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့်  သန့်ရှင်းသပ်ရပ်မှုရှိစေရန် ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နေ့လည်က တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ Online Shopping အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ Online Shopping အရောင်းဆိုင်များအား ယနေ့နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများက ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။

ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ဟိုပုံးမြို့ရှိ ထမ်းစမ်းသဘာဝလှိုဏ်ဂူတော် သန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထမ်းစမ်းသဘာဝလှိုဏ်ဂူတော်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းမှ ရေပြည့်ရေလျှံခြင်း၊ ထမ်းစမ်းဂူ၏ ရှေ့မျက်နှာစာ၌ မဲနယ်တောင်တန်းမှ စီးဆင်းလာသော စငေါချောင်းမှ တောင်ကျရေများစီးဝင်ခြင်းကြောင့် လှိုဏ်ဂူတော်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ယခုအခါတွင် ရေပြန်လည်ကျဆင်းသွား ပြီဖြစ်သဖြင့် လှိုဏ်ဂူတော်အတွင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ယနေ့နံနက် ၉ နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
Subscribe to