မင်းလှ အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာလှဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆေးဆိုင်များအတွင်း သိုလှောင်ထားရှိသော ဆေးဝါးများနှင့် ပတ်သက်၍ ထိန်းချုပ်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးနှင့် ဆက်စပ်ဆေးများ ရောင်းချနေမှု ရှိ/မရှိ၊ ဆေးဆိုင်အတွင်း သန့်ရှင်းသပ်ရပ်မှု၊ ဥပဒေနှင့် မလွတ်ကင်းသည့် ဆေးဝါးများ ရောင်းချခြင်းရှိ / မရှိ၊ လုပ်ငန်းလိုင်စင်ရောင်းချခွင့်လိုင်စင်များ ရှိ/မရှိ၊ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)