ဂန့်ဂေါမြို့တွင် မြစ်သာမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံးနှင့် အိမ်ထောင်စု(၁)စုအတွက် ရန်ပုံငွေ ထောက်ပံ့ပေးအပ်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်တွင် စက်တင်ဘာ (၂၆)ရက်ကဖြစ်ပွားခဲ့သည့် မြစ်သာမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် ဦးပြားဖေ၏ အိမ်ခြေ (၁)လုံးနှင့် အိမ်ထောင်စု (၁)စု လူဦးရေ (၇)ဦးအတွက် ရန်ပုံငွေထောက်ပံ့ပေးအပ်မှုကို ယမန်နေ့မွန်းလွဲ (၂)နာရီခွဲက မြို့မရပ်ကွက်ရှိ ဒက္ခိဏာရာမတောင်ကုန်းကျောင်းတိုက်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။