တပ်ကုန်းမြို့၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အလှဖယောင်းတိုင်များ ပြုလုပ်နည်းသင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်ဖွင့်လှစ်သင်ကြားပေးသည့် အလှဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

လူငယ်သင်တန်းကျောင်း(မန္တလေး)တွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်းဦးဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၇၃ လမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း(မန္တလေး)၌ ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ကြသည်။

ပခုက္ကူမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်းပါးရှင် အေးအေးနွဲ့(မြန်မာစာ)ရေးသားသည့် “ကောင်းသောစိတ်ဖြင့်သာ”ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကျိုက်(ဖအွံ)ကျေးရွာအုပ်စု၌ အောင်သုခစာကြည့်တိုက်သစ် ဖွင့်လှစ်

ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် စာကြည့်တိုက်အသစ် (၇) တိုက် တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘားအံမြို့နယ်တွင် (၄) တိုက် ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တတိယမြောက်စာကြည့်တိုက်သစ်ဖွင့်ပွဲအနေဖြင့် ဘားအံမြို့နယ်၊ ကော့ကျိုက်(ဖအွံ)ကျေးရွာအုပ်စု၌ အောင်သုခစာကြည့်တိုက်သစ်ဖွင့်ပွဲကို အဆိုပါစာကြည့်တိုက်သစ်တည်နေရာ၌ ကျင်းပသည်။

(၂၅)ကြမ်မြောက် မြန်မာရိုးရာယဥ်ကျေးမှုငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များ နေပြည်တော်သို့ ထွက်ခွာ

နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ဗဟိုအဆင့် (၂၅)ကြမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များသည် အမျိုးသားယဥ်​ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တ​လေး)၊ ဒုတိယပါ​မောက္ခချုပ်(စီမံ) ဦး​ကျော်သူရဦးဆောင်သော ဦးစီးအုပ်ချုပ်/ပံ့ပိုးသူ ၁၃၅ ဦး၊ ပြိုင်ပွဲဝင်အနုပညာရှင် ၂၅၅ ဦးအပါအဝင် စုစုပေါင်း ၃၉၀ ဦးတို့သည် ယနေ့နံနက်ပိုင်းက မန္တလေး၊ အောင်​မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀ လမ်းနှင့် ၂၂လမ်းကြားရှိ အမျိုးသားဇာတ်ရုံ(မန္တလေး)ရှေ့စုရပ်မှ မော်​တော်ယာဥ် ၁၇ စီးတို့ဖြင့် နေပြည်တော်သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ မြန်မာအားမာန်လုပ်ငန်းရှင်များအသင်းမှ ရေဘေးသင့်အိမ်ထောင်စုများအတွက် စားသောက်ကုန်များ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြန်မာအားမာန်လုပ်ငန်းရှင်များအသင်းမှ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်များဖြင့် လှူဒါန်းပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲ ၁နာရီက ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ် မြို့မဈေးနှင့်ဘက်ရဲဈေးတို့တွင် မီးဘေးလုံခြုံရေးအသိပညာပေး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှုလျှော့နည်းစေရန်ရည်ရွယ်ပြီး ယနေ့နံနက် (၉) နာရီအချိန်က ကြံခင်းမြို့နယ်မြို့မဈေးနှင့် ဘက်ရဲဈေးတို့တွင် မီးဘေးလုံခြုံရေးအသိပညာပေး စစ်ဆေးကြသည်။

ငါးသိုင်းချောင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်

ငါးသိုင်းချောင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက် ငါးသိုင်းချောင်း အောက်တိုဘာ ၁၂ ခင်မာလာအောင်
Subscribe to