ကျောက်ဆည်မြို့နယ် ကလေးကျေးရွာတွင် မြစိမ်ရောင်ကျေးရွာစီမံကိန်းငွေများ (တတိယအကြိမ်) ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အ‌ရောင်းအဝယ်ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ထုတ်ချေးပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကြောင်းအထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက ကလေးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းငွေများ (တတိယအကြိမ်) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရိုးရာယဉ်ကျေးမှုကို အစဉ်အလာကိုထိန်းသိမ်းကာ နွားလှည်တန်းဖြင့် ဘုရားဖူးထွက်သည့် တစ်ရွာတည်းသောကျေးရွာဖြစ်သည့် မင်းလှကျင်းရွာ

မင်းလှကျင်းကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းပြီး နွားလှည်းတန်းဖြင့် ဘုရားဖူးထွက်သည့် တစ်ရွာတည်းသော ကျေးရွာဖြစ်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးဒဏ်‌ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လွိုင်လင်ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင်တွေ့ဆုံကာ လမ်းညွှန်မှာကြား

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လွိုင်လင်တပ်နယ်မှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါ၍ အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးပြီး လမ်းညွှန်မှာကြားခဲ့ပါသည်။

ပခုက္ကူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယနေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ အိမ်ထောင်စုများထံ ဆက်လက်ကွင်းဆင်းကောက်ယူဆောင်ရွက်ကြသည်။

ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း (၁၂ ရက်မြောက်နေ့) ကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ(၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အမှတ်(၉)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များ၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ (၁၂ ရက်မြောက်နေ့) ဆက်လက် ကောက်ယူလျက်ရှိသည်။

ငဖဲမြို့၌ (၉၅) ကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့၌ နှစ်စဉ်ကျင်းပဆောင်ရွက်မြဲဖြစ်သော ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက် ၈နာရီအချိန်က မြို့မရပ်ကွက် မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်၊ သံဃာတော်များ စုရပ်ပြုလုပ်၍ အဆိုပါကျောင်းရှေ့မှ ဓါတ်တော်ဓမ္မာရုံအထိ မြို့လယ်လမ်းမတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပလောင်းလှူခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး​မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီအချိန်မှ ညနေ (၆) နာရီအချိန်ထိ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီး၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ထွဋ် ရွှေတောင်မြို့နယ်အတွင်း မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ထွဋ်သည် တိုင်း၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အများပြည်သူ သုံးစွဲရန်မသင့်သော စပ်ဆေးများနှင့်တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့က ရပ်ကွက်(၁)ရှိ ဆေးဝါးပစ္စည်းရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ကန်လှကန်ကျေးရွာတွင် ခေတ်မှီစံပြကျေးရွာ ထူထောင်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများစုပေါင်း၍ အသိပညာပေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်မှီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းရည်ရွယ်ချက်အနေ​ဖြင့် မြို့ပြနှင့်ကျေးလက် ကွာခြားစေရန် ရည်ရွယ်၍ ကန်လှကန်အုပ်စု၊ ​​ခေတ်မှီစံပြကန်လှကန်ကျေးရွာတွင် ဌာနဆိုင်ရာအကြီးအကဲများစုပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်(၆)ရပ်အနက် ဒေသခံတောင်သူအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကန်လှကန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to