ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရေး စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရေး စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ်အတွင်း စက်ချုပ်နည်းပညာသင်တန်း () ကြိမ်၊ တန်ဖိုးမြှင့်စားသောက်ကုန်သင်တန်း () ကြိမ်၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း () ကြိမ် ဖွင့်လှစ်ခဲ့ပြီး တက်ရောက်ခဲ့သည့် သင်တန်းသား (၃၀၀) ဦးသည် သင်တန်းမှ သင်ကြားပေးလိုက်သည့် ဘာသာရပ်များအလိုက် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းငယ်များ ထူထောင်နိုင်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုတစ်ကြိမ်တွင်လည်း တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အသက်ကိုပဓာနမထား စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်မိသားစုများအား အခြေခံစက်ချုပ်နည်းပညာ သဘောတရားများနှင့် ဈေးကွက်ဝင်အထည်ချုပ်လုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်များ စတင်ထူထောင်နိုင်ရေး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်မိသားစုများအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သည့် နည်းပညာရပ်များကို အသုံးချပြီး အိုးမကွာ၊ အိမ်မကွာ အလုပ်အကိုင်ရရှိ၍ အောင်မြင်သည့် လုပ်ငန်းငယ်ပိုင်ရှင်များ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းတက်ရောက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် မိသားစုများအား အပ်ချုပ်စက်များအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးဒေါ်စိုးစိုးသက်က လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းကုန်ချောအထည်များအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများတို့သည် ရဲတပ်ဖွဲ့ဝင်မိသားစုသင်တန်းသူများ၏ သင်တန်း၌ လက်တွေ့သင်ကြားချုပ်လုပ်ခဲ့သည့် အဝတ်အထည်အမျိုးမျိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အပ်ချုပ်စက်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ချုပ်နည်းပညာသင်တန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွင် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်မိသားစုများအား ခိုင်မာသည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုဖြစ်သော အောင်မြင်စွာရပ်တည်နိုင်ရေး သင်တန်းသူ (၂၀ဦးအား ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး တောင်ငူမြို့တွင်လည်း ရဲတပ်ဖွဲ့ဝင်မိသားစုများအတွက် စက်ချုပ်နည်းပညာ သင်တန်းအား ထပ်မံဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)