သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌”ဘာပဲဖြစ်ဖြစ် လှအောင်နေပါ၊စာဖတ်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Woman Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မေသင်္ကြန်ဟိန် (မြစ်မခ) ရေးသားသည့်”ဘာပဲဖြစ်ဖြစ် လှအောင်နေပါ၊စာဖတ်ပါ” အောင်မြင်ရေးစာစုများ (၁၀) စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer Original)(Pfizer Omicron VCV)(၉၇၃)ဦး ထပ်ဆောင်း ထိုးနှံခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအသက် (၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊အသက် (၆၅) နှစ်နှင့် အထက် ပြည်သူလူထုများ၊ အသက် (၁၈) နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (Pfizer Original) ၊ ကျန်းမာရေးဝန်ထမ်းများ၊အသက် (၅၀) နှစ်အထက် နာတာရှည် ရောဂါ ခံစားနေရသော ပြည်သူလူထုများ(Pfizer Omicron VCV) ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က ‌ထပ်ဆောင်းထိုးနှံနိုင်ခဲ့ကြသည်။

ဗန်းမော်တက္ကသိုလ် တည်ထောင်ခြင်း (၁၆)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် သုတေသနပိုစတာပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်တက္ကသိုလ်တည်ထောင်ခြင်း (၁၆)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် သုတေသနပိုစတာပြပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့၊ ချင်းစု အ.လ.က(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချင်းစုအခြေခံပညာအလယ် တန်းကျောင်း (ခွဲ) တို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး ပွဲကို ဇန်နဝါရီ (၁၈) ရက်၊ မွန်းလွဲ (၁) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့ အ.ထ.က(ဝမ်နတ်)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ပညာရေးစုံညီပွဲတော်”ကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ​ပြုလုပ်ခဲ့သည်။

ခေတ်မီစံပြကျေးရွာ(Smart Village) ဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ထီရေးကျေးရွာ၌ ထီရွေးခေတ်မီစံပြကျေးရွာ(Smart Village) ဖွံဖြိုးရေးအတွက် မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးဟောပြောပွဲကို အဆိုပါကျေးရွာ၌ ဆောင်ရွက်သည်။

မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး(Pfizer Comirnaty)များ ဆက်လျက်ထိုးနှံပေးလျက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer Comirnaty )များ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း(နန့်ပေါင်)၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း(နန့်ပေါင်)ရှိ တေဇခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပသည်။
Subscribe to