ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်သော မြို့တွင်းလမ်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့ပြစနစ်ဖြစ်ပေါ်လာစေရေး မြို့တွင်းလမ်းများ ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းရန်ပုံဖြင့် အဆင့်တင်မြှင့် ဆောင်ရွက်လျက်ရှိသော လမ်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဆီဆိုင်မြို့ ယာယီဈေးတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် မြို့မဈေးနေရာ၌ ယာယီဈေးတည်ဆောက်နေမှုအား ယနေ့နံနက် ၁၀ နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

မကွေးမြို့တွင် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာ အသုံးပြုမှုသရုပ်ပြပွဲနှင့် နေကြာမျိုးစေ့များ ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)တွင် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာ သရုပ်ပြပွဲနှင့် နေကြာမျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရွှေဘိုမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများဆက်လက်ကောက်ယူ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ်တွင် အောက်တိုဘာ(၁၁) ရက်နေ့နံနက်ပိုင်းက ရပ်ကွက်(၁၀)၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း (၁၄)ရက် (အဖိတ်နေ့)တွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ သံဃာတော်အပါး (၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ညောင်လေးပင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၁)နာရီက ညောင်လေးပင်မြို့ သိပ္ပံလမ်း အခြေခံပညာမူလတန်း(လွန်) ရွာမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့ အ.မ.က-ရွှေဘုံသာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေက အ.မ.က-ရွှေဘုံသာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to