နောင်တရားမြို့ပေါ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ၈၀ ရာခိုင်နှုန်းပြီးစီး

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ပြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ပေါ် ရပ်ကွက်များ၌ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမှု ၈၀ ရာခိုင်းနှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရားပွဲတော် ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးစစ်ဆေး

မန္တလေးတောင်ခြေတွင်ကျင်းပလျက်ရှိသော ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ စန္ဒာမုနိ ဘုရားပွဲတော်တွင် ဈေးရောင်းသည့် ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မီးစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ကြသည်။

ငဖဲမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ (၁၁)မြောက်နေ့ ဆက်လက်ကောက်ယူ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ စာရင်းကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၁၁)မြောက်နေ့အဖြစ် မြို့မရပ်ကွက်နှင့် ကျောင်းတွင်းရပ်ကွက်တို့တွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကောက်ယူလျက်ရှိသည်။

ကလေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (၁၁)ရက်မြောက်နေ့ ဆက်လက်ကောက်ယူ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  (၁၁)ရက်မြောက်နေ့ ဆက်လက်ကောက်ယူခြင်းများဆောင်ရွက်ရာ ကျောက်တိုက်ကျေးရွာနှင့် မင်းလှကျေးရွာများတွင် သန်းခေါင်စာရင်းနှင့် မြေပြင်ကွင်းဆင်း ကောက်ယူနေမှုများကို ကလေးခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကလေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများက ကွင်းဆင်း၍ အနီးကပ် ကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။

ပုဂံ-ညောင်ဦး လေဆိပ်အပါအဝင် ရန်ကုန်-ပုသိမ်-မန္တလေး ခရီးစဉ်သစ်ပျံသန်းမည်

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကနေ ပြည်တွင်းခရီးစဉ်သစ်အဖြစ် ပုဂံ-ညောင်ဦးလေဆိပ် အပါအဝင် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်တွေကို အောက်တိုဘာလ (၁၃) ရက်ကစတင်ပြီး ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦး ခရိုင်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ဧည့်မထဆန်နှင့် စားသုံးဆီများအား သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော (၂)ရပ်ကွက် မင်းကွန်းကျောင်းတိုက်ဝန်းအတွင်း ယနေ့နံနက် (၇)နာရီအချိန်က ဧည့်မထဆန် နှင့် စားသုံးဆီများကို  သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to