မိုင်းယန်းမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲတန်ဖိုးထားမမေ့အပ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပါမိုင်ရပ်ကွက် အတွင်းရှိ အခြေခံပညာမူလတန်းလွန်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၆ ရက်နေ့နံနက်ပိုင်းက သူရဲဇီးကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာ၊ အ.မ.က လွန် (သူရဲဇီး) ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ အသိပညာပေးဟောပြောခဲ့သည်။

ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ကြောင်း သိရသည်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) အသိပညာပေး​ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ထီကွေ့ကျေးရွာရှိ အ.မ.က (ထီကွေ့) ကျောင်း၌ ကျင်းပခဲ့သည်။

ဘိုကလေးမြို့နယ်တွင် မီးဘေးတားဆီးကာကွယ်ရေးအတွက် ဘာသာရေးအဆောက်အဦးများအား စစ်ဆေးကြည့်ရှုကြပ်မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ဖေဖော်ဝါရီ (၇) ရက် ညနေ (၃) နာရီ အချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများနှင့် ဝတ်ပြုဗလီကျောင်းများသို့ တာဝန်ရှိသူများကွင်းဆင်းကာ မီးဘေးတားဆီး ကာကွယ်ရေးဆိုင်ရာများအား စစ်ဆေးကြည့်ရှု ကြပ်မတ်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေမီးသတ်စခန်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေမီးသတ်စခန်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မြို့သစ်မြို့နယ်၌ ဆောင်းသီးနှံ၊ ပဲမျိုးစုံ (၆၇၁၄) ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းရာသီ စိုက်ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ပဲမျိုးစုံသီးနှံဧက (၆၇၁၄) ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

တနင်္သာရီမြို့-ဝင်္ကဘာကျောင်းတိုက်ရှိကျောင်းသူ/သားများအား မှုခင်းကျဆင်းရေး၊ စိတ်ဓာတ်မြှင့်တင်ရေး အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ ညနေ ၄ နာရီအချိန်က တနင်္သာရီမြို့-ချောင်းငယ်ရပ်ကွက် ရန်ပြေမာန်ပြေရန်အောင်မြေ ဝင်္ကဘာကျောင်းတိုက်ရှိ ညအိပ်နေ့နေ ကျောင်းသူ/သားများနှင့်ရှင်သာဏေများ စုစုပေါင်း(၅၀)ဦးတို့ကို ဝင်္ကဘာအပေါ်ကျောင်းတိုက် ဆရာတော်အရှင်အာနန္ဒ၏ ဩဝါဒကိုခံယူ ၍ မှုခင်းကျဆင်းရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဝင်္ကဘာကျောင်းတိုက် ဆွမ်းစားဆောင်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အ.လ.က (ခွဲ) ကျီစုအနောက်ကျောင်း၌ ပြည်‌‌ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပ

လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ရရှိပြီးသား အသိပညာဗဟုသုတများ ပိုမိုတိုးတက်ရရှိစေရေးရည်ရွယ်ကာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျီစုအနောက်ရပ်ကွက် အ.လ.က(ခွဲ) ကျီစုအနောက်ကျောင်း၌ ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့မွန်လွဲ ၂ နာရီ အချိန်က အ.လ.က(ခွဲ)ကျီစုကျောင်း စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to