ရွာငံမြို့နယ်၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီ(၇)ရက်၊ နံနက် (၈)နာရီက အထက(ရွာငံ)၊  ပြဒါးလင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်များအား ရှင်းလင်းပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တက်ရောက်ရှင်းလင်း

နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်များ ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်ရှင်းလင်းသည်။

အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောက်ရန် ပန္ဒက်ရိုက်မင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း) ကျောင်းဝင်းအတွင်း၌ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောက်လုပ်ရန် မြေသန့်နှင့်ပန္ဒက်ရိုက် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခန်းမ​ဆောင်ဆောက်လုပ်နေမှုအား ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသီတာဟန်၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်မြင့်မြင့်ထွန်း၊ ဦးရဲထက်သူနှင့် အငယ်တန်းအင်ဂျင်နီယာ-၃ ဦးကျော်သူမြင့်တို့က ဝမ်ပျက်ကျေးရွာနှင့် ဝမ်အင်ကျေးရွာတို့တွင် ခန်းမဆောင်ပြုလုပ်မည့် မြေနေရာရွေးချယ်သတ်မှတ်ထားသည့်​နေရာတွင် ယမန်နေ့ညနေ့ (၃:၀၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် အ.ထ.က (၂) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်း ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဟောပြောခဲ့ကြကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် နိဗ္ဗာန်စျေးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌(၇၇)နှစ်မြောက်ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်နိဗ္ဗာန်စျေးပွဲတော်ကို ယမန်နေ့နံနက်၁၀နာရီတွင် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) စျေးတန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့၌ သောက်သုံးရေလုံလောက်စွာဖြန့်ဝေနိုင်ရေး နတ်စင်ချောင်းတွင် Intake ရေစတင်ယူရာနေရာ ကွင်းဆင်းသတ်မှတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့ပေါ်ရပ်ကွက်နေပြည်သူများအား သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် နတ်စင်ချောင်းတွင် Intake တည်ဆောက်ခြင်း ရေစတင်ယူရာနေရာအား ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှု ရွေးချယ်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတ တက္ကသိုလ်တွင် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စျေးရောင်း ပွဲတော်နှင့် နှင်းစက်သံစဥ် သီချင်းဆိုပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရွာသာကုန်း ကျေးရွာ/အုပ်စုရှိ ဟင်္သာတ တက္ကသိုလ်၊ ပင်မလေးထပ်ဆောင်ရှေ့ အဓိပတိလမ်းမတွင် ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၇နာရီကစတင်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို စျေးရောင်းပွဲတော်အား ကျင်းပပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေချောင်းကြီးကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ပေချောင်းကြီးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေချောင်းကြီးကျေးရွာကွန်ကရစ် ဘီးလမ်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
Subscribe to