မအူပင် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးနှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ရွာသစ်စုကျေးရွာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ ရွာသစ်စုကျေးရွာ၊ ကျေးလက်ကုန်ထုတ်လမ်းအား (၁၁၀၀’×၁၂’×၉’’) ဖြင့် မြေရောကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၄.၇) သန်းဖြင့် ဌာနမှအင်ဂျင်နီယာများစုဖွဲ့၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါလမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ (၃) ရွာရှိ အိမ်ခြေ ၄၁၄ အိမ်၊ လူဦးရေ ၁၅၃၆ ဦး၊ စိုက်ပျိုးမြေဧက ၅၈၀ ကို အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)