ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြုအားကစားသမားများ လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၊ ပြည်နယ်အားကစားလေ့ကျင့်ရုံတို့တွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု အားကစားသမားများလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်ပြည်သူများပါဝင်သည့်  စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို  နိုဝင်ဘာ(၁၄)ရက်နေ့ မွန်းလွဲ(၃)နာရီက မင်္ဂလာဒုံမြို့နယ် နွယ်ခွေကျေးရွာရှိ နွယ်ခွေရွာဦးကျောင်း၌ ကျင်းပသည်။

နာဂဒေသ လဟယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ရှားမှုအနေဖြင့် လူငယ်ရေးရာအသိပညာ‌ပေး လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စာဖတ်ရှိန်မြှင့်‌တင်ရေးလုပ်ရှားမှုအနေဖြင့် လူငယ်ရေးရာအသိပညာပေး လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကမမောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကမမောင်းမြို့၊ သံလွင်ဦးမြို့မဈေး၌ ကျင်းပခဲ့သည်။

မအူပင်မြို့၌ (၃၀) ကြိမ်မြောက် မအူပင်မြို့လုံးဆိုင်ရာ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၃၀)ကြိမ်မြောက် မအူပင်မြို့လုံးဆိုင်ရာစုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မအူပင်မြို့ သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့ ဆည်တော်နံရွှေမုဌောဘုရား စုပေါင်းဘုံကထထိန်နှင့် ပဒေသာပင်များ၊ စာရေးတံမဲလှူဒါန်းပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဆည်တော်နံ ရွှေမုဋ္ဌောဘုရားကြီး၏ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်ပွဲတော်၊ စုပေါင်းဘုံကထိန်နှင့် ပဒေသာပင်များ၊ စာရေးတံမဲလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ဆည်တော်နံရွှေမုဌောဘုရားရင်ပြင်တော် ဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် သံဃာအပါး (၁၀၀) ကျော်အား ဆွမ်းသပိတ်နှင့် စာရေးတံမဲ လောင်းလှူပူဇော်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် သံဃာအပါး(၁၀၀)ကျော်အား ဆွမ်းသပိတ်နှင့် လှူဖွယ်ပစ္စည်းများ စာရေးတံမဲ လောင်းလှူပူဇော်ပွဲကို နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီခွဲက အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ (၁၄)ရက် ညပိုင်း၌ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့၌ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူအလှူရှင်များ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နံနက် ၇ နာရီက မြို့မအားကစားခန်းမရှေ့မှတစ်ဆင့် ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်သို့ ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ကြသည်။

ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ (၁၁၃)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားနာယူပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၈)ရက်နေ့မှ စတင်ကျင်းပခဲ့သည့် မြို့နယ်လုံးဆိုင်ရာ(၁၁၃)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်တွင် ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူခြင်းကို ယမန်နေ့မွန်းတည့်(၁၂)နာရီက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။
Subscribe to