လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ည ဆီမီး၊ ပန်း၊ ရေချမ်းများပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးအလှူပွဲ ကျင်းပ

လှိုင်းဘွဲ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ည ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးအလှူပွဲ ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ည (၆) နာရီအချိန်က ကျိုက်မုရောစေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကျိုက်မုရောစေတီတော် ရင်ပြင်၌ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲတပ်ရင်း/ တပ်ဖွဲ့ဝင် မိသားစုများက ဆီမီး (၃၀၀၀) ကပ်လှူပူဇော်ပွဲ၊ စတုဒီသာကျွေးမွေးခြင်း၊ ကျိုက်မုရောစေတီတော်ပူဇော်ရေးအဖွဲ့မှ စတုတ္ထအကြိမ်မြောက် ဆီးမီး(၁၀၀၀)၊ ပန်း(၁၀၀၀)၊ ရေချမ်း(၁၀၀၀) ပူဇော်ခြင်း၊ နိဗ္ဗာဈေးအလှူပွဲနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက နိဗ္ဗာန်ဈေးပွဲတော်တို့ကို ကျင်းပရာ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ပူဇော်ခဲ့ကြကြောင်း၊ အလားတူ လှိုင်းဘွဲမြို့ (ဃ) ရပ်ကွက်၌ မီးပုံပျံလွှင့်တင်ပွဲကို ပြည်သူများက ပျော်ရွင်စွာ ဆင်နွဲခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)