မြို့ကျက်သရေဆောင်၊ သမိုင်းဝင် ရွှေမြင်တင်းစေတီ တော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ၊ ရွှေသင်္ကန်း ကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ကျက်သရေဆောင်၊ သမိုင်းဝင် ရွှေမြင်တင်းစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ၊ လုံးတော်ပြည့်ကပ်လှူနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုများ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။