တန့်ယန်းမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲကျင်းပ

တန့်ယန်း ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ပွဲအား ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ် ချီးမြှင့်ပွဲ ကျင်းပရခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်မှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ကြပြီး ကျောင်း သား၊ ကျောင်းသူလေးများ၊ ဆရာမများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ကပြကြကြောင်း သိရသည်။

 မင်းလွင်ဦး(ပြန်/ဆက်)