ငပုတော ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ကျက်သရေဆောင်၊ သမိုင်းဝင် ရွှေမြင်တင်းစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ၊ လုံးတော်ပြည့်ကပ်လှူနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုများ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရွှေမြင်တင်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် မင်္ဂလာန္နက်တော်အား အမွှေးနံ့သာရည်များပက်ဖျန်းသည်။ ထို့နောက်တာဝန်ရှိသူများနှင့်အတူ စေတီတော်မြတ်အတွင်း လှည့်လည်ကြည့်ရှု့ကာ ရွှေစင်ရွှေပြားများအား လေ့လွင့်မှူမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ အများပြည်သူကြည်ညိုသပ္ပာယ်စွာ ဖူးမျှော်ကြည်ညိုနိုင်စေရေးအတွက် အထူးအလေးထားဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။
အောင်သူ (ပြန်/ဆက်)