တောင်ငူ ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ မီးသုံးစွဲမှုအခြေအနေနှင့် မီးစနစ်တကျသုံးစွဲမှု ရှိ၊ မရှိကို လိုက်လံစစ်ဆေး၍ မီးဘေးအန္တရာယ်နှင့်ပတ်သက်သည်များကို အသိပညာပေးပြောကြားခဲ့ပြီး မီးလောင်မှုဖြစ်ပေါ်လာလျှင် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အရေးပေါ်ကုသမှုပြုလုပ်ခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ ချက်ချင်းဆက်သွယ်သတင်းပေးရန်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)