ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၌ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်

ဟင်္သာတ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ပင်မသုံးထပ်ဆောင် ရွှေဝါထွန်းခန်းမတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်ဒေါက်တာထွန်းမြတ်အောင် ဦးဆောင်၍ဘွဲ့နှင်းသဘင်ကျင်းပရေးကော်မတီဌာနမှူးများ၊ ပါမောက္ခ ဆရာ/မများနှင့် ဘွဲ့ရ မောင်/မယ် ကျောင်းသား/သူ များ၊ မိဘ ဆွေမျိုးများ စုစုပေါင်း အင်အား (၃၅ဝ) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) ၏ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) (၆၅) ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech) (၁၆) ဦးစုစုပေါင်း (၈၁) ဦးတို့အား ဒုတိယပါမောက္ခချုပ်ဒေါက်တာ ထွန်းမြတ်အောင်ကပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)