နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ဂုဏ်မင်းမြှောင်ကျေးရွာတွင် အထူးကုသမားတော်ကြီးများ ကွင်းဆင်းဆေးကုသနေမှုနှင့် ကန်လှ-ဥသျှစ်လှိုင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက် ၈ နာရီက လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းကို၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုဏ်မင်းမြှောင်ရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုသမားတော်ကြီးများက ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်၍ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၌ ကျောင်းတွင်းအားကစား ပြိုင်ပွဲများကျင်းပ

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၏ တက္ကသိုလ်တွင်း အားကစားပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာလင်းထက်မြင့်ဦးဆောင်၍ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စက်ချုပ်နည်းပညာနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် စက်ချုပ်နည်းပညာနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာ ပညာရောင်ခြည်ကျောင်းတိုက် မြတ်သုခဓမ္မာရုံ၌ ကျင်းပခဲ့သည်။

မိုင်းပန်မြို့နယ်၌ အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းလွန်ကျောင်း(မွေတော်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို အဆိုပါကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

မက်မန်းမြို့ ကွန်ဟောင်းကျေးရွာ အလင်းရောင်စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နေပြည်သူများအား စာဖတ်သူများအချင်းချင်း ရင်းနှီးမှုရှိပြီး စာဖတ်သည့်အလေ့အထကောင်းများကို လက်ဆင့်ကမ်းနိုင်စေရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် ဘဝအထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ် ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက ကွန်ဟောင်းကျေးရွာ အလင်းရောင်စာကြည့်တိုက်တွင် အဆိုပါ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့၌  ဆိုလာနှင့်ချိတ်ဆက်ထားသည့် ဘတ္ထရီအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၃)လမ်းတွင် ယမန်နေ့နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးစျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင်  ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို အ.ထ.က(ခွဲ) နှင့် အ.လ.က(၅)ကျောင်းတို့တွင် ယမန်နေ့က ကျင်းပပြု

ညောင်လေးပင်မြို့နယ်တွင် အခြေခံပညာ Grade-5 နှင့် Grade-9 သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အလယ်တန်းအဆင့် Grade-9 သင်ယူမှု အရည်အသွေးပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (ခွဲ) ညောင်လေးပင်ကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to