မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲနှင့် ကလေးပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမတွင်‌ ဟောပြောပွဲ၊ အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံ‌ပြောပြိုင်ပွဲများကို ယမန်‌နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်မီးသတ်ဦးဌာနတွင် ယနေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုဖြစ်ပွားခြင်းမရှိစေရေးအတွက်

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက်၌ ယမန်နေ့ည (၁၀) နာရီခန့်အချိန်က ကုန်သည်လမ်းရှိ ပိုင်ရှင်ဦးရဲကျော်ပိုင်ဆိုင်သော "ဦးသိန်းဟန် ဖိနပ်ဆိုင်"မှ ရေခဲသေတ္တာအပူရှိန်လွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ လက်ပုံစံနှိပ်ယူနည်း(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လက်ပုံစံနှိပ်ယူနည်း(ဆင့်ပွား) အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့တွင် ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့၌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကော်မတီတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီနှင့် ခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများ‌‌ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အ.ထ.က-ခွဲ(မိုင်းကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ အ.ထ.က-ခွဲ (မိုင်းကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ် ညောင်ရွှေကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း နေကြာ မျိုးကောင်း၊ မျိုးသန့်များ ဖူလုံပြီး ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်း (၂) နေကြာ မျိုးကောင်း၊ မျိုးသန့်များနှင့် စိုက်ပျိုးနည်းပညာများ ကူညီရယူပြီး ညောင်ရွှေကျေးရွာတောင်သူ ဦးဝင်းညွှန့် စိုက်ပျိုးထားသော မျိုးစေ့ထုတ် ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to