ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

“မိဘများ၊ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ” စုံညီစွာ ကျင်းပကြသည့် ပညာရေးစုံညီပွဲတော်များကို နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများက ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ် ဒရယ်ဖြူကျေးရွာ၌ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ သပြေချောင်းကျေးရွာအုပ်စု၊ ဒရယ်ဖြူကျေးရွာ၌ ယနေ့နံနက်ပိုင်းက ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေစာရံစေတီတော်မြတ်ကြီး (၃၃) ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇလသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သ‌ရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများဦးစီး၍ နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် (၃၃) ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇလသုတ်‌တော် ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

မိုင်းပန်မြို့နယ်၌ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်ပန်မြို့နယ် အခြေခံပညာအလယ်တန်းလွန်ကျောင်း(ခွဲ)မြို့မ၏ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို အဆိုပါကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.မ.က(ကျွဲခြံမွန်စု)ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် အခြေခံပညာ Grade - 5 သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade – 5 သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ကဝ) ဆရာကျော့ခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။

ကျိုင်းလပ်မြို့၌ နယ်လှည့်စာကြည့်တိုက် ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ နယ်လှည့်စာကြည့်တိုက် ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အခြေခံပညာမူလတန်းကျောင်း(ကျခမ်းဆောင်)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပနိုင်ရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။

နတ်မောက်မြို့နယ်၊ စခန်းမကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမစက်ဝန်းထုတ်ချေးခြင်းကို  ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက  စခန်းမကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to