ပခုက္ကူတက္ကသိုလ်၌ အဝေးသင်သင်တန်း(တတိယအကြိမ်)ဘွဲ့နှင်းသဘင်အခမ်းအနား ဆက်လက်ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ်၊ အဝေးသင်သင်တန်း (တတိယအကြိမ်) ဘွဲ့နှင်းသဘင်အခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က ဆက်လက်ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ၂၀၂၄ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အဝေးသင်သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဘွဲ့ရမောင်မယ် ကျောင်းသား၊ ကျောင်းသူ(၁၅၅)ဦးတို့အား ဘွဲ့များ အသီးသီးအပ်နှင်းသည်။

အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ စီမံခန့်ခွဲ​ရေးအဖွဲ့ဝင်များ၊ ပညာ​ရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ