ကြံခင်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြတ်ရတနာစာချဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့ စံရာတိုက်စာချကျောင်း၊ ဓမ္မာရုံအတွင်းကျင်းပခဲ့သည်။
အခမ်းအနားကို မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများက"နမောတဿ"သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး၊ ကြံခင်းမြို့နယ် စံရာတိုက်စာချကျောင်းဆရာတော် ဦးဝိစိတ္တသာရထံက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက်၊ တရားတော်နာယူကြကာ၊ ဆရာတော်မှဩဝါဒစကားမိန့်ကြားပါသည်။
ထို့နောက် မြတ်ရတနာစာချကျောင်းကော်မတီဥက္ကဋ္ဌဦးအောင်ရွှေက သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့်ဆရာတော်ကြီးနှင့် သင်ကြားပေးသောဆရာ/ဆရာမများ၊တာဝန်ရှိသူအားလုံးကျေးဇူးတင်ပါကြောင်း လျှောက်ထား ပြောကြားသည်။
ဆက်လက်ပြီးဆုချီးမြှင့်ပွဲကျင်းပရာ ပညာပြည့်ဝ နှလုံးပြိုင်ပွဲတွင်(ပထမ ၊ဒုတိယ၊ တတိယဆု၊ နှစ်သိမ့်ဆု) ရကျောင်းသား/သူများအား လည်းကောင်း၊ သင်ကြားပေးသောဆရာ/ဆရာမ (၇) ဦးအားလည်းကောင်း၊ အာဟာရအလှူရှင်များနှင့် မြတ်ရတနာစာချကျောင်း ဓမ္မစကူးလ်တက်ရောက်သော ကျောင်းသား/သူ (၈၅) ဦးအား ရာနှုန်းပြည့်ကျောင်းတက်မပျက်သောသူ/ပျက်ကွက်သောသူ အဆင့်ဆင့်သတ်မှတ်၍ ဆုနှင့်သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများနှင့် အလှူရှင်များက ချီးမြှင့်ပေးအပ်ခဲ့ကြကာ၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု"သုံးကြိမ်ရွတ်ဆို ပူဇော်ကာ ဓမ္မစကူးကျောင်းသားလူငယ်များက ပဒေသာကပွဲများဖြင့် ဖျော်ဖြေကပြကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)