ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ကြီးချမ်းသာမဟာစေတီတော်(မြို့ဦးစေတီတော်)၌ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် တည်ထားကိုးကွယ်မူသော ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်)၏ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါစေတီတော်ရင်ပြင်တွင် ကျင်းပခဲ့သည်။