ကွန်ဟိန်းမြို့၊ အခြေခံပညာမူလတန်း(ခမရ-၅၂၄)ကျောင်းတွင်  ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

ကွန်ဟိန်း   ဇန်နဝါရီ     ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာမူလတန်း(ခမရ-၅၂၄)ကျောင်းတွင် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာမူလတန်း(ခမရ-၅၂၄) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ခမရ(၅၂၄)တပ်ရင်းဗိုလ်ကြီးရဲကျော်သူ၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးခွန်မောင်ရွှေနှင့် အ.ထ.က(ကာလိ) ကျောင်းအုပ်ဆရာမကြီးတို့က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး အခြေခံပညာမူလတန်း(ခမရ-၅၂၄)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးသီတာထွေးမှ ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူများကို ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက တေးသီချင်း သရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)