ပဲခူးမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူးဦးစောညီညီထွေး၊ တိုင်းစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးဦးမြင့်လွင်တို့ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်မိုးဦးနှင့်ဝန်ထမ်းများ၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက် လောကတက္ကသိုလ် စာကြည့်တိုက်အဆောက် အအုံသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟု သုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်ရှိ လောကတက္ကသိုလ် စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်  ၁၀ နာရီက အဆိုပါ စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ကျောင်းတိုက်တွင် (၆၅)ကြိမ်မြောက် ဓမ္မနုဂ္ဂဟစာမေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ရေကြည်မြို့နယ်လုံးဆိုင်ရာ သုဓမ္မသံဃအဖွဲ့ကြီးမှ ကြီးမှူးကျင်းပသော (၆၅)ကြိမ်မြောက် ဓမ္မနုဂ္ဂဟစာမေးပွဲကို ယမန်နေ့  နေ့လယ်ပိုင်းက ရွှေရေးဆောင်ကျောင်းတိုက် သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဖြေဆိုခဲ့ကြသည်။

ဒေါပုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြပွဲဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်မှုလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ် မြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊‌ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးအတွက် ရွှေကျင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် ကျန်တောကျေးရွာအုပ်စု ကွင်းအမှတ်(၄၈၉)ကွင်းအတွင်းရှိ ကုလားပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအုပ်စု ကွင်းအမှတ်(၄၈၉)ကွင်းအတွင်းရှိ ကုလားပဲစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရှိရန်ဒေသခံတောင်သူများမျှော်လင့်နေကြောင်း သိရသည်။

နမ့်စန်မြို့ အ.ထ.က(မြို့မ)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(မြို့မ) ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ  ၁၀ ရက်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၄−၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲတက်ရောက်

၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်Grade-12 သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။

သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စုတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကျနောက်စိုက် ပေါ်ဆန်းမိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စုတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကျနောက်စိုက် ပေါ်ဆန်း မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to