ညောင်လေးပင် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)အလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း(နာယက) ဒေါက်တာမြင့်သန်း(ညောင်လေးပင်)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဟိန်းထက်အောင် (ညောင်လေးပင်)က လစဥ်ပြုလုပ်လျက်ရှိသော လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် အဖွဲ့ဝင်များမှပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို) အလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း(နာယက) ဒေါက်တာမြင့်သန်း(ညောင်လေးပင်)၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဌေးနိုင်(ဌေးနိုင်-ဗန်ဒါညောင်လေးပင်)၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် မောင်ကြည်လင်(ရွှေကြိုးကြာ)နှင့် စာရေးဆရာအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်