ပေါင်းတည်၌ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော မတ်ပဲစိုက်ခင်းများနှင့် သဘာဝမြေသြဇာပင်များအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော မတ်ပဲစိုက်ခင်းများနှင့်အတူ သဘာဝမြေသြဇာပင်များအား မြို့နယ်စိုက်ပျိုးမှုကြီကြပ်ရေးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မဟာမြတ်မုနိဘုရားကြီးဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက်ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ)မင်္ဂလာနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားနှင့် ချောင်းဆုံမြို့ရှိ ရှေးဟောင်းသာသနိက အဆောက်အဦများအား သွားရောက်ကြည့်ရှု

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နာဂဝီသတောင်ရိုးတန်းတွင် တင့်တယ်သပ္ပါယ်စွာပွင့်ထွန်း တည်ထားကိုးကွယ်​တော်မူသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ဘုရားကြီး၏ ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ)မင်္ဂလာနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်​နေ့နံနက်ပိုင်းက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ဘုရားကြီးဝင်းအတွင်းရှိ သုခချမ်းသာ ​ကျောင်း​ဆောင်​တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဩဝါဒဆရာ​တော်ကြီးများမှ ဦးစီးအမှူးပြု၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ​ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များတက်ရောက်ကြသည်။

ခိုလမ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်ယူမှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်ယူမှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က တုန်ဟုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့​ပါသည်။

မောက်မယ်မြို့နယ်တွင် ဝါကျွတ်ပွဲ (ခေါ်) ကောက်သစ်စားပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်ရှိအောင်မင်္ဂလာ မွေတော်ကျောင်းစာသင်တိုက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်မှ ကြီးမှူးကျင်းပသည့် ရှမ်းရိုးရာ ဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါမွေတော်ကျောင်းတွင် ဝါကျွတ်ပွဲ(ခေါ်)ကောက်သစ်စားပွဲကို ယမန်နေ့ ည ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာများနှင့် MSME ပြခန်းများဖွင့်ပွဲ အခမ်းအနားပြုလုပ်

မြန်မာနိုင်ငံရှိ ပြည်နယ်များတွင် သက်ဆိုင်ရာပြည်နယ်အလိုက် တိုင်းရင်းသားများ၏ ပြည်နယ်နေ့အခမ်းအနားများကို သတ်မှတ်ထားရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့သည် ကယားပြည်နယ်၏ (၇၃)နှစ်မြောက်ဖြစ်သည်။ အဆိုပါ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများနှင့် MSME ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ (၈၈) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၆၂) ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၈၈) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူပွဲကို ယနေ့ နံနက် (၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြော

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ဇန်နဝါရီလ (၁၃) ရက်၊ နံနက် (၁၀) နာရီအချိန်က စစ်ကိုင်းမြို့၊ အမှတ် (၁၃) ၊ အခြေခံပညာမူလတန်းကျောင်း (ထုံးဘို) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ်တွင် လင်းရောင်ခြည်စာကြည့်တိုက်ဖွင့်ပွဲကျင်းပ။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၊ ကုန်းသာကြီးကျေးရွာအုပ်စု၊ ကြံလဟာကျေးရွာတွင် လင်းရောင်ခြည်စာကြည့်တိုက်ဖွင့်ပွဲကို အခြေခံပညာမူလတန်းလွန်ကျောင်း ကုန်းသာကြီး (၁) ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

မုံရွာမြို့၌ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဥ်ဖြင့် အခြေခံစားနပ်ရိက္ခာ(၄)မျိိုး ဆန်၊ဆီ၊ဆား၊ပဲ နှင့် အာဟာရမုန့်များ (၃) လ တစ်ကြိမ် ပေးအပ်မည်

ကမ္ဘာ့စားနပ် ရိက္ခာအစီအစဥ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ၍ မုံရွာမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းနေထိုင်သည့် မိသားစုများအား စားသောက်နေထိုင်ရေး အဆင်ပြေစေရေးအတွက်ရည်ရွယ်ပြီး အခြေခံစားနပ်ရိက္ခာ (၄) မျိုး ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် အာဟာရမုန့်များ (၃) လတစ်ကြိမ်ပေးအပ်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းကစတင်ပြီး မုံရွာမြို့ပေါ်ရပ်ကွက်များရှိ အိမ်ငှါး၊ ဘာသာရေးအဆောက်အဦး၊ ဆွေမျိုး၊ မိတ်ဆွေအိမ်များတွင် နေထိုင်ကြသည့် နေရပ်စွန့်ခွာမိသားစုများ မကျန်ရှိစေးရေးနှင့် မသက်ဆိုင်သူများထံသို့ မရောက်ရှိစေရေးအတွက် အနာဂတ်အလင်းတန်း (ရောင်) လူငယ်ဖွံ့ဖြိုးရေးအဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်းကာ အိမ်ထောင်စု လူဦးရေးစာရင်းများကို စနစ်တကျကောက်ခံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to