မိုင်းယန်းမြို့၌ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်ကို ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ (ကျွဲခတ်ကွင်း) မြို့နယ်အားကစားကွင်း၌ကျင်းပရာ ရပ်နီးရပ်ဝေးမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။