နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးလယ်ဝေးမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေး

၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာ ၁၈ ရက်မှစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လာရောက်ကြည့်ရှုအားပေးသည်။

ဘားအံမြို့ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(တတိယအပတ်) ပါဝင်ဆင်နွှဲကြသူများစည်ကား

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ တတိယအပတ်ကို ယမန်နေ့ နံနက် ၅ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့တွင် စုရပ်ထား၍ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ၊ ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံပွဲတက်ရောက်

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီးကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအားလူထုလှုပ်ရှားအားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်းစုပေါင်းလမ်းလျှောက်ပွဲကိုပြုလုပ်လျက်ရှိပြီး ပြည်ထောင်စနယ်မြေ နေပြည်တော် ပျဉ်မနားမြို့၌လည်း ဒီဇင်ဘာလူထုအားကစားလတတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်းလောင်းအားကစားကွင်းရှေ့၌ပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့၌ အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း၌ အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီချိန်က အဆိုပါကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကသာမြို့တွင် ကြိုတင်မဲပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တက္ကသိုလ်/ကော်လိပ်များသို့ သွားရောက်ကျောင်းတက်ကြမည့် ကျောင်းသား/ကျောင်းသူများ၊ မဲရုံများတွင်တာဝန်ထမ်းဆောင်ကြမည့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားလာကြမည့် ဒေသခံပြည်သူများ ကြိုတင်မဲပေးခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်၍ သက်ဆိုင်ရာရပ်ကွက်များရှိ သက်မှတ်မဲရုံများတွင် လက်ခံဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးအခမ်းအနား တက်ရောက်

နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေး အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise တော်ဝင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဒေါ်မိုးမိုးသွယ်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်းနာယက ဦးသန်းစိုး၊ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဗိုလ်တထောင်မြို့နယ်တွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားရှိမှုအား လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ဒီဇင်ဘာ ၁၉ ရက်နေ့က တာ၀န်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလောမြို့နယ်၌ မိုးစပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်မှု (ဒုတိယဆု)ရရှိသည့် ဘုရားပျိုအသင်းအား တာဝန်ရှိသူများက ဆုများချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘုရားပျိုကျေးရွာ၌ မြန်မာ့သမဝါယမစတင်ခြင်း(၁၂၁)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မိုးစပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်မှု(ဒုတိယ)ဆုရရှိသည့် ဘုရားပျိုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းအား ယမန်နေ့ ၁၀ နာရီက တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ  ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန်ရည်ရွယ်၍ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး"ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နေ့လယ်ပိုင်းက လမုတန်းကြီးကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ချုပ်) နှစ်(၃၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နည်းပညာဆိုင်ရာ ပြခန်းများဖွင့်လှစ်ပွဲနှင့် စာတမ်းဖတ်ပွဲကျင်းပ

ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ချုပ်) နှစ်(၃ဝ)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နည်းပညာဆိုင်ရာပြခန်းများဖွင့်လှစ်ပွဲနှင့်စာတမ်းဖတ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ကျင်းပသည်။
Subscribe to