လွိုင်ကော်မြို့တွင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မဲရုံများတွင် မီးဘေးလုံခြုံရေးအတွက် ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိသည်။