ကျုံပျော်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကျုံပျော် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် တေဇရပ်ကွက် အမက(မြေရဲမြောက်)တွင် ကျုံပျော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချိုနိုင်ဝင်း ၊ မြို့မစခန်းမှူး ဒုရဲမှူး ဝင်းထွန်းနိုင်နှင့် တာဝန်ရှိသူများသည်  ဇွန်လ ၁၅ ရက် ညနေ ၄ နာရီခွဲက ဥပဒေဆိုင်ရာ ကိစ္စရပ်များအား စိတ်ပါဝင်စားသူပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူအခြေအနေပြု ရဲလုပ်ငန်းစဉ်ဖြစ်သော ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအား ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဥပဒေဆိုင်ရာကိစ္စရပ်များ စိတ်ပါဝင်စားသူပြည်သူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ကျုံပျော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လွင်မှ ရဲလုပ်ငန်းစဉ်ဖြစ်သော ရပ်ရွာတည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ သိသင့်/သိထိုက်သည့် ဥပဒေ/နည်းဥပဒေများအား အသိပညာပေးဟောပြောဆွေးနွေးပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချိုနိုင်ဝင်းမှ မှုခင်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မှုခင်းဖြစ်ပွားမှုရှိသည့် အလေ့အထများ၊ ပြည်သူများမှစောင့်ထိန်းသင့်သည့် ကိုယ်ကျင့်တရားများ၊ မှုခင်းပိုင်းဆိုင်ရာများ၊ ပြည်သူများသိသင့်သိထိုက်သော နည်းဥပဒေများ၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းများနှင့်ပတ်သက်၍ ဆွေးနွေး ဟောပြောကြားပြီး၊  အမှတ်(၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်မျိုးမင်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည်များအား ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ဆွေးနွေးပွဲတက်ရောက်လာသည့် ပြည်သူများထံသို့ မှုခင်းကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင် ၁၅၀ အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)