ချောင်းသာကမ်းခြေ၌ ခရီးသွားဧည့်သည်လာရောက်လည်ပတ်မှုများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ ဒီဇင်ဘာကျောင်းပိတ်ရက်တွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားလျက်ရှိရာ ယနေ့တွင် ချောင်းသာကမ်းခြေတစ်လျှောက် အပန်းဖြေသူ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စုတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပ

ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် တမန်‌ချောင်းကျေးရွာတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲလင်းထွန်း၊ အဖွဲ့ဝင်ဦးသန်းဦးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တမန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကရင်တိုင်ရင်းသားများ တက်ရောက်ကြသည်။

ခန္တီးမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးလိုက်လံစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံနေရာများအဖြစ်ပြုလုပ်မည့်‌‌ အခြေခံပညာကျောင်းများတွင်မီးဘေးအန္တရာယ်မဖြစ်ပါ်စေရေးအတွက် ယနေ့နံနက် (၉) နာရီခွဲ အချိန်က လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊  ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အားကစားခန်းမတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နတ်တလင်းမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲစတင်ပေးနှံ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့၊ နတ်တလင်းမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းနှင့် အ.ထ.က(နတ်တလင်း)တို့၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲစတင်ပေးနှံသည်။

တီးတိန်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့် တီးတိန်မြို့နယ်အတွင်း တိုက်ပွဲရှောင်နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

သရက်မြို့နယ်တွင် ရွေးကောက်ပွဲတွင်မဲရုံများ၌တာဝန်ယူရမည့် ပညာရေးဝန်ထမ်းများ၏ ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရွေးကောက်ပွဲတွင်တာဝန်ယူဆောင်ရွက်ကြရမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့တွင် သိလ္လာချောင်းဖျားကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ သိလ္လာချောင်းဖျားကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြ သူနာပြုသင်တန်းကျောင်း (ဒုတိယအကြိမ်) သူနာပြု-သားဖွားဒီပလိုမာ အပ်နှင်းခြင်းအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော (ဒုတိယအကြိမ်) သူနာပြု-သားဖွားဒီပလိုမာ အပ်နှင်းခြင်းအခမ်းအနားသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to