ကလေးမြို့၌ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း အသိပညာပေး‌

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအဝးခန်းမ၌ ကျင်းပသည်။

ရမည်းသင်းမြို့နယ် အ.မ.က ဝါတိုးအနောက်ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုဟုတရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ် ပြည်သူ့စစ်(ဌာနေ)နှင့် ပြည်သူ့စစ်(စစ်မှုထမ်းဟောင်း) အဖွဲ့ဝင်များအား စစ်ဝတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့စစ်(ဌာနေ)နှင့် ပြည်သူ့စစ် (စစ်မှုထမ်းဟောင်း)အဖွဲ့ဝင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော စစ်ဝတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၂၈)ခြေလျင်တပ်ရင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ စာပေအမြဲလာရောက်ဖတ်ရှုသည့် ကျောင်းသား၊ ကျောင်းသူများလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပေးခြင်းကို ဇွန် ၁၇ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။

ဝါးခယ်မမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား ဓာတ်မြေဩဇာပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံတော်၏ရက် (၁၀၀) စီမံချက်ဖြင့် ဝါးခယ်မမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် UIDကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ဇွန် ၁၆ ရက်က ကွင်းဆင်းဆောင်ရွက်သည်။

စလင်းမြို့နယ်၌ အသက်၅လမှ ၂နှစ်အတွင်း ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး 

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်၌  အသက်၅လမှ၂နှစ်အတွင်း ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ကူးစက်ရောဂါကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း  လုပ်ငန်းများကို  ကျန်းမာရေးဝန်ထမ်းများက ဇွန် ၁၇ ရက်နံနက် ၉နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးရုံးတွင်  လစဥ်ပုံမှန်ထိုးနှံခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်ဘော်ကြိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် သီပေါမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးခန့်ဝေယံနှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့်အခြေခံပညာကျောင်းများသို့ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက ဘော်ကြိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကွင်းဆင်းဆောင်ရွက်သည်။

မြစ်သားမြို့နယ်၌ တစ်ပိုင်တစ်နိုင်ဖူးစားပြောင်း စိုက်ပျိုးသူများဈေးကောင်းရရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ကင်းတား ရေလှောင်တမံဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ  စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ  တစ်ပိုင်တစ်နိုင်ဖူးစားပြောင်းစိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းး မြစ်သားမြို့နယ်ရစ်ကန်ကျေးရွာရှိ ဖူးစားပြောင်းစိုက်ပျိုးတောင်သူများထံမှ သိရသည်။

ပုဇွန်တောင်မြို့နယ်၌ Grade-1 to Grade-8 အထိ အခြေခံပညာအဆင့်အလိုက် Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲစတင်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade-1 to Grade-8 အထိ အခြေခံပညာအဆင့်အလိုက် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဒုတိယနေ့အဖြစ် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to