ငါးသိုင်းချောင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက်ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယမန်နေ့နံနက် (၀၈:၀၀) နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ ဦးဆောင်မှုဖြင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန်ဒေါက်တာ ဦးအောင်သက်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဝေလွင်နှင့်အလှူရှင်များမှ အလှူငွေများနှင့် အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ငါးသိုင်းချောင်းမြို့တွင် အပတ်စဉ်အင်္ဂါနေ့တိုင်း မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် (၇၀) နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ယနေ့တွင် အဘိုးအဘွား (၁၂၅) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးလာခဲ့ရာ ယခုဆိုလျှင် (၁၄၆) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)