ရွှေဘို ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ရွှေဘိုမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ Placement Test (အထူးအစီအစဉ်) စာမေးပွဲ၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၈၃၆) ဦး အနက် (၂၂၃၄) ဦးလာရောက်ဖြေဆို၍ ပျက်ကွက် (၆၀၂) ဦးရှိကြောင်း၊ ဖြေဆိုသည့်ရာခိုင်နှုန်း (၇၈.၇၇) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆိုရာသို့ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)