ပေါင်မြို့နယ်၌ စာရေးဆရာအသင်း အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားပြုလုပ်

ပေါင် ဇွန် ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စာရေးဆရာအသင်း အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂:၃၀) အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်တင်ဇာစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဝေ (မောင်စိမ်းညို) ပေါင်နှင့် စာ‌ရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဦးခင်မောင်ဝေ (မောင်စိမ်းညို) ပေါင်က အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း‌ပြောကြားခဲ့သည်။ ထို့နောက် ရွေးချယ်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ရွေးချယ်ရေးမူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းတင်ပြခဲ့ပြီး အမှုဆောင်သစ် (၅) ဦးကို ပြန်လည်ရွေးချယ်ပေးခြင်းနှင့် အမှုဆောင်သစ်အမည်စာရင်းများကို ကြေငြာပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)