ဒေးဒရဲမြို့နယ်၊ သဲကုန်းကျေးရွာ၌ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေး ဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးများ အာဟာရဖွံ့ဖြိုးစေရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့နံနက် (၁၀)နာရီက သဲကုန်းကျေးရွာ၊ ကျောင်းကြီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။