မြစ်ကြီးနားမြို့၌ လမင်းစီမံချက်ဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဇွန် ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ ၏ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် အသက် (၁၀)နှစ်ပြည့် ကျောင်းသား/ ကျောင်းသူများအား ဥပဒေ နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းလုပ်ငန်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ဦးဆောင်သည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အဆိုပါကျောင်း၌ လမင်းစီမံချက်ဖြင့် နေ့ချင်းအပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက် (၁၀)ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား ဥပဒေနှင့်အညီနိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်