ရက် (၁၀၀) စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အလုံမြို့နယ်၌ ကွင်းဆင်းဆောင်ရွက်
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်မြတ်မွန်လှိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ဂဠုန်ရပ်ကွက်သို့ ပထမနေ့အဖြစ် ကွင်းဆင်းသွားရောက်၍ ရက်(၁၀၀) စီမံချက်တွင် ပါဝင်သော ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆောင်ရွက်သည်။