ရွှေကျင်မြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေကျင် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အ-ထ-က(တပ်နယ်) ကျောင်း အစည်းအဝေးခန်းမတွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရွှေကျင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းမှ ရဲအုပ်တင်မျိုးဦးမှ မှုခင်းကိစ္စများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိနာလည်စေရန် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပြစ်မှုပစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေး ခဲ့‌ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ မြို့မရဲစခန်းမှ ရဲအုပ်တင်မျိုးဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မဒီဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးချစ်မင်းသူ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)