ပုသိမ်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကြီးကြပ်ရးအဖွဲ့များအား ရှင်းလင်းဆွေးနွေး 

ပုသိမ်ကြီး ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရေးကြီးကြပ်ရးအဖွဲ့များအား ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်‌‌ရေးဥပဒေ၊ နည်းဥပဒေများ ချပြရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာရေးရုံးရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းက အမှာစကား ပြောကြားပြီး၊ မြို့နယ်ဥပဒေအရာရှိ ဦးဝေဖြိုးက ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်‌‌ရေးဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်၏ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းရှိ (၄၆) အုပ်စုမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။ အလားတူ မြို့နယ်၏ကျွန်းပိုင်းဒေသများရှိ ကျေးရွာအုပ်စု (၁၂)အုပ်စုအတွက်လည်း ယနေ့နံနက်ပိုင်းက သရက်တပင် ကျေးရွာအုပ်စု၊ ရဲထွဋ်ကျေးရွာ ဓမ္မာရုံတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်