တနိုင်းမြို့တွင် ရေဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ

တနိုင်း ဇွန် ၁၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ဆင်ဆာ့ကောင်းရပ်ကွက်တွင် ရေဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ရပ်ကွက်အတွင်း တနိုင်းချောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး ရေဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးတပ်ခွဲမှူး ဦးအောင်ဇော်ဝင်းက ရေဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျ စုဖွဲ့စီစဥ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက တနိုင်းချောင်းအတွင်း ရေဘေးအန္တရာယ် ကျရောက်ချိန်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျစုဖွဲ့ပြင်ဆင်၍ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ သခဲ့ကြသည်။

ထို့နောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဖုန်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ရေဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ လှေများ စုဆောင်းပြသထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရ သည်။

တနိုင်း(ပြန်/ဆက်)