ပေါက်ခေါင်းမြို့နယ်၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချရာ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချရာ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်စည်ပင်သာယာရေးဆိုင်ရာ ကော်မတီဖွဲ့စည်း

တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနဝမနေ့ကို ဇွန်လ ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ရမည်းသင်းခရိုင်အတွင်းရှိ ဆည်ကန်များမှ နွေသီးနှံစိုက်ခင်းများ အောင်မြင်သည်အထိ ရေလုံလောက်စွာပေးဝေနိုင်ခဲ့

မန္တလးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၌ ယခုနှစ် နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့် ရေလှောင်တမံများ၊ ဆည်ကန်များမှ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် နွေစပါးနှင့် စီမံကိန်းဝင် နွေသီးနှံအမျိုးမျိုးတို့အတွက် စိုက်ပျိုးရေပေးဝေခဲ့ရာ ယနေ့အချိန်တွင် သီးနှံစိုက်ခင်းများ အောင်ရေရရှိအောင် ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအဌမနေ့ကို ဇွန် ၁၇ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ပန်းစုံရွှေပြည် ကိုယ်ပိုင်ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပန်းစုံရွှေပြည် ကိုယ်ပိုင်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် (သန်လျင်) ၌ စာပေဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (သန်လျင်) စာပေနှင့်အနုပညာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများကို ဇွန် ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ‌ရေးကျောင်းသို့ တက်ရောက်နိုင်ရေး ဟောပြောဆွေးနွေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ‌ ရေး အတတ်ပညာသင် ကျောင်းသား၊ကျောင်းသူများ ရရှိရေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (ကန်သာယာ) ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပသည်။

ရွှေတောင်မြို့နယ်၌ ကူးစက်ရောဂါ ရှာဖွေတိုက်ဖျက်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ရက် (၁၀၀) စီမံချက်အတွင်း ကျေးလက်နေပြည်သူလူထုအား ကူးစက်ရောဂါ ရှာဖွေတိုက်ဖျက်ရေး လုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
Subscribe to