မိုးနဲမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားမည်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းများကို ပေါ့မိုင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံနေရာတို့တွင် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ မတ်လ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။