ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိ

ညောင်လေးပင် ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ နံနက်ပိုင်းကစ၍ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းသား/ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

အဆိုပါစာမေးပွဲတွင် မူလတန်းအဆင့်သင်ရိုးသစ်စာမေးပွဲကို ဖေဖော်ဝါရီလ (၁၇) ရက်မှ (၁၉) ရက်နေ့ထိ တစ်နေ့လျှင်နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုပြီးစီးပြီး၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာမေးပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့အထိ တစ်နေ့တစ်ဘာသာနှုန်းဖြင့် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုနိုင်ရန်၊ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြင်း သိရသည်။

မြို့နယ် (ပြန်/ဆက်