တန့်ယန်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ချေးငွေအာမခံစနစ်(CGI- Credit Guarantee Insurance)အကြောင်း MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ(တန့်ယန်း)မှ မြို့နယ်မန်နေဂျာ ဦးမင်းမင်းမောင်နှင့် မြန်မာ့အာမခံလုပ်ငန်းမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဒေါ်မိုးမိုးဝင်းတို့က ချေးငွေအာမခံစနစ် (CGI- Credit Guarantee Insurance)အကြောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသော MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည့်အချက်များ ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)