နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တာချီလိတ်မြို့၌ စက်သုံးဆီသယ်ယာဉ်များရောက်ရှိ၍ ဈေးနှုန်းသက်သာစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီသယ်ယာဉ်များရောက်ရှိ၍ ဈေးနှုန်းသက်သာစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

တောင်ကြီးမြို့၌ မြို့နယ်သံဃနာယကအဖွဲ့၊ ပြည်နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက်ရှိဓမ္မာရုံ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက တောင်ကြီးမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့၊ ပြည်နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေး  ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၁၀၇၂  ဦး ဖြေဆိုမည်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စာစစ်ဌာန(၂)ခုဖြင့်  ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၇၂ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဘုမ္မိရဆိုင်ရာ သိုက်ဘုရားကိုးဆူဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အပူဇော်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကွင်းကျေးရွာ သက္ကဝတီဂျိုးဖြူတောင် သာသနာ့နယ်မြေတွင် ရှေးနှစ်ပေါင်းများစွာ ဆရာတော်ကြီးများ အဆက်ဆက်၊ မင်းစဉ်မင်းဆက်ကိုးကွယ်ခဲ့ကြသည့် ဘုမ္မိရဆိုင်ရာ ရှေးဟောင်းသိုက်ဘုရားကိုးဆူသည်သာကေတမြို့နယ်ရှိ ဗိုလ်တထောင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်ထိ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင် ဦးဆောင်၍ ပင့်ဆောင်ကာ ဒုတိယအကြိမ်မြောက်အဖြစ် ကြွရောက်ကိန်းဝပ်စံပါယ်အပူဇော်ခံလျက်ရှိသည်။

လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့နံနက် (၈) နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်၌ ရပ်ကွက်နေပြည်သူများသို့ ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

 ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြိုနယ်ရှိ ပြည်သူများ ကြက်ဥများကို ‌ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် ယမန်နေ့ နံနက် (၆)နာရီ အချိန်၌ (၂)ရပ်ကွက်၊ (၃)ရပ်ကွက်၊(၄)ရပ်ကွက်နှင့်(၆)ရပ်ကွက်တို့တွင် ကြက်ဥတစ်လုံးလျှင်(၃၆၅)ကျပ်နှုန်းဖြင့် ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့နယ်တွင် ကုလားပဲဧက(၂၆၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ရာ အောင်မြင်ဖြစ်ထွန်း 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ကုလားပဲသီးနှံစိုက်ပျိုးရာသီ၌ ယခင်နှစ်(၂၆၉၀၉)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် (၂၆၉၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ကြီးမှူးကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ်(၄/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ YRTC ရုံးချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုနှင့်ကော်မတီဝင်များ၊ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ မီးဘေးလုံခြုံစေရန်နှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် ​မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲကို ယမန်နေ့က သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ အောင်နိုင်ရိုးမသစ္စာ (ANYT Co.Ltd) ကုမ္ပဏီလီမိတက်၌ ဆောင်ရွက်ခဲ့သည်။
Subscribe to