တန့်ယန်းမြို့နယ်တွင် (၂၅)ကြိမ်မြောက် ငွေရတုဗုဒ္ဓပူဇနိယဝင်္ကဘာပွဲတော် ကျင်းပနိုင်ရန်ဆွေးနွေး

တန့်ယန်း ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ဝေဠုဝန်ပရိယတ္တိစာသင်တိုက်၌ (၂၅)ကြိမ်မြောက် ငွေရတုဗုဒ္ဓပူဇနိယဝင်္ကဘာပွဲတော်ကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝါယမထံမှ ဩဝါဒခံယူကာ တာဝန်ရှိသူအသီးသီးတို့က (၂၅)ကြိမ်မြောက် ငွေရတုဗုဒ္ဓပူဇနိယဝင်္ကဘာပွဲတော် အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)